X

  • ၁။ မဖြစ်မနေစုငွေ ဆိုသည်မှာ အဘယ်နည်း?

    မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးဥပဒေသတ်မှတ်ချက်အရ မိမိ၏ချေးငွေအပေါ် ၅% ထက်မပိုသောထားရှိရမည့်စုငွေကိုခေါ်ပါသည်။

  • ၂။ မည်သည့်အကြောင်းအရာကြောင့် Customer များထံမှမဖြစ်မနေစုငွေကိုလက်ခံပါသနည်း?

    Customer များငွေစုသည့်အလေ့အထဖြစ်ထွန်းလာစေရန် နှင့် Customer များ၏ လူနေမှုဘဝကိုထောက်ပံ့ပေးနိုင်ရန်အတွက်ဖြစ်ပါသည်။

  • ၃။ မဖြစ်မနေစုငွေ ပမာဏအတွက် အတိုးနှုန်းမှာမည်မျှနည်း?

    မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးဥပဒေသတ်မှတ်ချက်အရ တစ်နှစ်လျှင် ၁၄% ဖြင့်တွက်ချက်ပေးမည်ဖြစ်ပါသည်။ အသေးစိတ် သိရှိနိုင်ရန်အတွက် ဤနေရာတွင် click နှိပ်ပါ။

  • ၄။ Customer များအနေဖြင့်မိမိချေးငွေအတွက် မဖြစ်မနေစုငွေမည်မျှစုဆောင်းရမည်နည်း။

    Customer များအနေဖြင့်မိမိချေးငွေအတွက် မဖြစ်မနေစုငွေ ၁၀၀၀ ကျပ်ကိုစုဆောင်းရပါမည်။

  • ၅။ AEON မှ မည်သည့်အချိန်ကာလထိ customer များ၏ စုဆောင်းငွေကို လက်ခံထားရှိမည်နည်း?

    Customer များရွေးချယ်ထားသော ချေးငွေကာလ၏နောက်ဆုံးအကြိမ်အထိ စုဆောင်းပေးမည်ဖြစ်ပါသည်။

  • ၆။ Customer များအနေဖြင့် နောက်ဆုံးပေးသွင်းရမည့်အကြိမ်တွင် စုငွေကိုမည်သို့ပြန်လည်ထုတ်ယူနိုင်မည်နည်း?

    AEON အနေဖြင့် Customer များနောက်ဆုံးပေးသွင်းရမည့် ငွေပမာဏမှ မဖြစ်မနေစုငွေကို မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးဥပဒေသတ်မှတ်ချက်အရ တစ်နှစ်လျှင် အတိုးနှုန်း၁၄% ဖြင့်တွက်ချက်ပြီးခုနှိမ်ပေးပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းအနေဖြင့် နောက်ဆုံးအကြိမ်ငွေပေးသွင်းမည့်အချိန်တွင် မဖြစ်မနေစုငွေအား လျှော့သွင်းပေးပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။

  • ၁။ AEON ကိုမည်သို့ ဆက်သွယ် နိုင်ပါသလဲ?

    အီရွန်၏ Customer Service Hotline ဖြစ်သော ၀၉ ၉၆၉ ၇၁၂ ၁၁၁ မှတဆင့် ဆက်သွယ်နိုင်ပါသည်။ လတ်တလောတွင် System Enhancement ပြုလုပ်နေပါသောကြောင့် AEON ဝန်ဆောင်မှုများအား ခေတ္တဆိုင်းငံ့ထားပါတယ်ခင်ဗျာ။ ၀န်ဆောင်မှုများပြန်လည်ဆောင်ရွက်သည့်အချိန်တွင် ထပ်မံ၍အသိပေးကြေငြာပေးသွားပါမည်ခင်ဗျာ။ အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။

  • ၂။ AEON Customer Service Hotline ကို မည်သည့်အချိန်ထိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသလဲ?

    အီရွန် Customer Service Hotline ကို နေ့စဉ် နံနက် ၈:၃၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ (တနင်္လာ မှ စနေ့အထိ) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ လတ်တလောတွင် System Enhancement ပြုလုပ်နေပါသောကြောင့် AEON ဝန်ဆောင်မှုများအား ခေတ္တဆိုင်းငံ့ထားပါတယ်ခင်ဗျာ။ ၀န်ဆောင်မှုများပြန်လည်ဆောင်ရွက်သည့်အချိန်တွင် ထပ်မံ၍အသိပေးကြေငြာပေးသွားပါမည်ခင်ဗျာ။ အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။

  • AEON S-Loan Scheme ကို ဘယ်လိုလျှောက်ထားနိုင်ပါသလဲ။

    AEON S-Loan Scheme အား လိုအပ်သော စာရွက်စာတမ်းများနှင့် အတူ အီရွန်၏ ချေးငွေလျှောက်ထားရာ နေရာများမှ တဆင့် လျှောက်ထားနိုင် ပါသည်။ အသေးစိတ် သိရှိလို ပါက ဤ နေရာတွင် click နှိပ်ပါ။

  • အီရွန် S-Loan ဝန်ဆောင်မှု ရယူနိုင်ရန်အတွက် ပါဝင်သူ ဘယ်နှစ်ဦး လိုအပ်ပါသလဲ?

    အီရွန် S-Loan ဝန်ဆောင်မှု ရယူနိုင်ရန်အတွက် ပါဝင်သူများမှာ လျှောက်ထားသူကိုယ်တိုင်နှင့် အာမခံပေးသူ စုစုပေါင်း၂ဦး လိုအပ်ပါသည်။

  • ၃။ အီရွန် S-Loan ဝန်ဆောင်မှုလျှောက်ထားမှုအတွက် အသက်ကန့်သတ်ချက်ရှိပါသလား။

    အီရွန် S-Loan ဝန်ဆောင်မှုလျှောက်ထားရန်အတွက် လျှောက်ထားသူနှင့် အာမခံသူမှာ အသက် ၁၈နှစ်ပြည့်ပြီးသူ အသက်၆၀နှစ်အောက်များဖြစ်ရမည်။ အခြားစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် နှင့်ပတ်သက် ၍ အသေးစိတ် သိရှိလိုပါက ဤ နေရာ တွင် click နှိပ်ပါ။

  • ၄။ AEON's S-Loan ဝန်ဆောင်မှုအား ကျောင်းသူ ကျောင်းသားများ လျှောက်ထားနိုင်ပါသလား။

    အီရွန်၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်အရ ကျောင်းသူ ကျောင်းသားများ လျှောက်ထားခွင့်မရှိသေးပါ။ ကျောင်းသား ကျောင်းသူ များအတွက် AEON နှင့် အတူပူးပေါင်း လုပ်ဆောင် ချိတ်ဆက်ပြီး ဖွင့်လှစ်ထားသော သင်တန်းများတွင် S-Loan (Education) အစီအစဉ်ဖြင့် တက်ရောက်နိုင်ပါသည်။ အသေးစိတ်သိရှိရန်အတွက်click နှိပ်ပါ။

  • ၅။ အီရွန် S-Loan ရယူနိုင်ရန်အတွက် ချေးငွေလျှောက်ထားရာနေရာများတွင် ပစ္စည်းအမျိုးအစားမည်မျှ လျှောက်ထားနိုင်ပါသလဲ?

    အီရွန် S-Loan ရယူရန် Customer မှ အီရွန်၏ ချေးငွေလျှောက်ထားရာ နေရာမှတဆင့် ပစ္စည်းအမျိုးအစား ၁ခုကိုလျှောက်ထားနိုင်ပါသည်။

  • ၆။ ချေးငွေလျှောက်လွှာလက်ခံရာဌာနမှ လျှောက်ထားသော လျှောက်လွှာအားလုံးကိုအတည်ပြုချက်ပေးပါသလား။

    လျှောက်လွှာတိုင်း အတွက် အတည်ပြုချက်မပေးပါ။ အီရွန်မှ သတ်မှတ်ထား သောစည်းမျဉ်းများ နှင့်ကိုက်ညီမှုရှိသော လျှောက်လွှာများ အတွက်သာ အတည်ပြုချက် ပေးပါသည်။

  • ၇။ လျှောက်ထားသူမှ မိမိ၏လျှောက်လွှာ အတည်ပြုချက်ကျ မကျကို မည်သို့သိရှိနိုင်ပါနည်း?

    အီရွန်မှ ချေးငွေလျှောက်လွှာ အတွက်အခြေအနေကို လျှောက်ထားသူ၏ မိုဘိုင်းဖုန်းသို့ မက်ဆေ့ပို့ပြီး အကြောင်းကြား ပေးမည်ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါက csinfo@aeoncredit.com.mm သို့ မေးလ် ပို့၍ သော်လည်းကောင်း ၀၉ ၉၆၉ ၇၁၂ ၁၁၁ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

  • ၈။ လျှောက်ထားသူသည် အီရွန် မှချပေးသော ချေးငွေဝန်ဆောင်မှုအတွက် မည်သို့အသုံးပြုထုတ်ယူရပါမည်နည်း။

    လျှောက်ထားသူကိုယ်တိုင် မှတ်ပုံတင်မူရင်း နှင့်အတူ မိုဘိုင်းမှ မက်ဆေ့ကိုပြ၍ ချေးငွေဝန်ဆောင်မှုကို အသုံးပြုရ ယူရမည်ဖြစ်ပါသည်။

  • ၉။ လျှောက်ထားသူသည် အီရွန် မှချပေးသော ချေးငွေဝန်ဆောင်မှုကို မည်သည့်အချိန်တွင်ထုတ်ယူနိုင်ပါနည်း?

    လျှောက်ထားသူသည် အီရွန်မှ ချပေးသော ချေးငွေဝန်ဆောင်မှုကို ၁၅ရက်အတွင်း ထုတ်ယူအသုံးယူနိုင်ပါသည်။

  • ၁၀။ အီရွန်မှ အတည်ပြုကြောင်းမက်ဆေ့ဒ် မရရှိခြင်းဖြစ်စေ မိုဘိုင်းမှပျောက်ဆုံးခြင်းဖြစ်စေ မှားယွင်းဖျက်မိခြင်းဖြစ်စေ မည်သို့ပြုလုပ်ရမည်နည်း?

    အီရွန်မှ အကြောင်းအမျိုးမျိုးကြောင့် မက်ဆေ့ဒ်မရရှိပါက Customer Service Hotline ဖြစ်သော ၀၉ ၉၆၉ ၇၁၂ ၁၁၁ သို့ဆက်သွယ်ပြီး လျှောက်ထားသူ ကိုယ်တိုင် အ သေးစိတ် စုံစမ်း မေးမြန်းနိုင်ပါသည်။

  • ၁။ အီရွန် ဝန်ဆောင်မှု အတွက် အတိုးနှုန်းဘယ်လောက်ကျပါသလဲ။

    မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေး ဥပဒေအရ နှစ်စဉ်အမှန်ထိရောက် အတိုးနှုန်းကို ၂၈%ထက် မပိုသော အတိုးနှုန်းဖြင့် တွက်ချက်ပါသည်။ အတိုးနှုန်းအား အသေးစိတ် တွက်ချက်နိုင်ရန် ဤနေရာတွင် click နှိပ်ပါ။

  • ၂။ အတိုးနှုန်းအပြင် တစ်ခြားဝန်ဆောင်ခပေးရန်ရှိပါသလား။

    ချေးငွေလျှောက်ထား သူမှ ဝန်ဆောင်ခကို ချေးငွေပမာဏပေါ်မူတည်၍ လျှောက်လွှာ လျှောက်ထားရာ နေရာတွင် ပေးသွင်းရမည်။ အကယ်၍ ချေးငွေလျှောက်လွှာ အတည်ပြုချက် မရခဲ့လျှင် ထိုဝန်ဆောင်ခမှာပေးဆောင်ရန် မလိုပါ။ အသေးစိတ် သိရှိနိုင်ရန်အတွက် ဤနေရာတွင် click နှိပ်ပါ။

  • ၃။ မော်တော်ဆိုင်ကယ် လျှောက်ထားမှုအတွက် အတိုးနှုန်းအပြင် တစ်ခြားဝန်ဆောင်ခပေးရန်ရှိပါသလား?

    ချေးငွေလျှောက်ထား သူမှ ဝန်ဆောင်ခကို ချေးငွေပမာဏပေါ်မူတည်၍ လျှောက်လွှာ လျှောက်ထားရာ နေရာတွင် ပေးသွင်းရမည်။ အကယ်၍ ချေးငွေလျှောက်လွှာ အတည်ပြုချက် မရခဲ့လျှင် ထိုဝန်ဆောင်ခမှာ ပေးဆောင်ရန် မလိုပါ။ အသေးစိတ် သိရှိနိုင်ရန်အတွက် ဤနေရာတွင် clickနှိပ်ပါ။

  • ၁။ အီရွန်ချေးငွေလျှောက်ထားရာနေရာ ဆိုတာဘာလဲ? တည်နေရာ?

    အီရွန် S-Loan Scheme နှင့် ပက်သက်ပြီး customer များ၏ ချေးငွေလျှောက်လွှာတင်မှု ကိစ္စများအား AEON နှင့် အတူပူးပေါင်း လုပ်ဆောင်သည့် လုပ်ငန်းမှာ AEON application points ဖြစ်ပြီး လိပ်စာများအား အသေးစိတ် သိရှိလို ပါက ဤ နေရာတွင် click နှိပ်ပါ။

သတင်းအချက်အလက်

  • Seasonal Wish for Labor Day  
    Seasonal Wish for Labor Day , 2024-04-30

    ၂၀၂၄ ခုနှစ် မေလ (၁) ရက်နေ့တွင်ကျရောက်သော အလုပ်သမားနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်.

  • Customer Service Hotline Operation Hours Changes  
    Customer Service Hotline Operation Hours Changes , 2024-04-30

    ၂၀၂၄ ခုနှစ် မေလ (၁) ရက်နေ့သည် အများပြည်သူရုံးပိတ်ရက် ဖြစ်ပါသောကြောင့် ထိုနေ့တွင် အီရွန်ကုမ္မဏီ၏ ဝန်ဆောင်မှုများကို ခေတ္တခဏရပ်နားထားမည်

  • ချေးငွေတွက်ချက်ပုံ

    ချေးငွေပမာဏ ပေါ်မူတည်၍ လစဉ်ပေးချေရမည့် ငွေပမာဏအား တွက်ချက်ရန်

  • ချေးငွေလျှောက်ထားရန်နေရာ

    အဆင်ပြေမည့် နီးစပ်ရာ အီရွန် ဝန်ဆောင်မှု ရရှိနိုင်သော နေရာများအား ဤနေရာတွင် ရှာဖွေရန်

  • ချေးငွေပေးဆပ်မှုနည်းလမ်း

    နီးစပ်ရာ ငွေပေးသွင်းကောင်တာ များအား သိရှိလိုပါက ဤနေရာတွင် ရှာဖွေရန်