X
လူမှုအကျိုးပြု

မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လူမှုအကျိုးပြုလုပ်ငန်းများ

ဂျပန် မြန်မာပွဲတော် ၂၀၂၀

၆ ကြိမ်မြောက် ဂျပန် မြန်မာပွဲတော်အား ၂၀၂ဝ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် Thuwana Bhumi Event Park ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတော်သည် ဂျပန် မြန်မာဆက်ဆံရေးကြား ယဉ်ကျေးမှုဖလှယ်သည့် အနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ နှစ်နိူင်ငံရှိ ထိပ်တန်းအနုပညာရှင်တို့၏ ဂီတဖျော်ဖြေတင်ဆက်မှုများ၊ စားသောက်ကုန်၊ နှင့် ကုန်ပစ္စည်းပြပွဲစသဖြင့် ပါဝင်ကျင်းပနိူင်ရန် ရည်ရွယ်၍ မြန်မာနိူင်ငံရှိ ဂျပန်သံရုံး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဂျပန်ကုန်သည်ကြီးများအသင်း၊ ရန်ကုန် ဂျပန်အသင်း Nippon, Hoso Kyokai (NHK), DVC နှင့် Dream Vision Company (DVC) တို့မှဦးဆောင်၍ ဆောင်ရွက်ခဲ့ပါသည်။

AEON Group မှလည်း AEON 1% club foundation, AEON Orange, AEON Mall, AEON Credit Service နှင့် AEON Microfinance (Myanmar) မှလည်း လူထုအကျိုးပြုလုပ်ငန်းများနှင့်ပက်သက်သော လုပ်ဆောင်မှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုနှင့် ပက်သက်၍ပိုမိုသိရှိစေရန် ရည်ရွယ်၍ အမေးအဖြေ ပဟေဠိကဏ္ဍကိုလည်း ဆောင်ရွက်ခဲ့ရာ လူဦးရေ ၂၅ဝ ခန့်ပူးပေါင်းပါဝင်ခဲ့ပါသည်။

Japan Speech Contest in 2020

(၇) ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲကို ၂၀၂၀ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မန္ကလေးမြို့ရှိ နားမကြားသူများကျောင်း၌ မြန်မာနှင့် ဂျပန် နှစ်နိူင်ငံကြား ဘာသာစကားတိုးတက်မှုအတွက် ကျင်းပခဲ့ပါသည်။ ထိုပြိုင်ပွဲကို Kyoshin Co., Ltd. & Kyoshin JETC Co., Ltd. မှကြီးမှုးကျင်းပပြီး AEON Microfinance (Myanmar) Co., Ltd မှလည်း Co-sponsor တစ်ခုအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနှစ် ပြိုင်ပွဲဝင်အားလုံးအား ဂုဏ်ယူဝမ်းမြောက်ပြီး ဤပွဲဖြစ် မြောက်အောင် အချိန်ပေး၍ ဝိုင်းဝန်းကူညီပေးကြသော မိသားစုဝင်များနှင့် ပရိသတ်များ အားလည်း ကျေးဇူးတင်ရှိပါသည်။

AEON Scholarship Program 2019

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် (အင်္ဂါနေ့) တွင် AEON 1% Club Foundation မှ ၇ ကြိမ်မြောက် ပညာသင်စရိတ်ဆု ချီးမြှင့်ခြင်း အစီအစဉ်အား ကျင်းပခဲ့ပါသည်။ ၂၀၀၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် ပညာသင်စရိတ် ဆုချီးမြှင့်ခြင်းအစီအစဉ်အား စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင်လည်း ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်များတွင် ပညာသင်ကြားနေသော ကျောင်းသူ ကျောင်းသား စုစုပေါင်း ၄၀ ယောက်အား ပညာသင်စရိတ်ထောက်ပံ့ခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ အစီအစဉ်၌ ဆုလက်ခံရရှိသူများမှ ၎င်းတို့ ၏ ရည်မှန်းချက်ပန်းတိုင်များကိုလဲ မျှဝေခဲ့ပါသည်။

မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေးအတွက် အရေးပေါ်ငွေကြေးထောက်ပံ့ လှူဒါန်းခြင်း

၂ဝ၁၉ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့ (စနေနေ့) တွင် AEON ORANGE COMPANY LIMITED, AEON MICROFINANCE (MYANMAR) CO., LTD နှင့် AEON Thana Sinsap (Thailand) PLC တို့ စုပေါင်း၍လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ဘေးအန္တရာယ်ကျရောက်နေသော ရေဘေးဒုက္ခသည်များအတွက် အရေးပေါ် ရေဘေးကယ်ဆယ်ရေး ငွေကြေးကူညီထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် သြဂုတ်လအတွင်း မုတ်သုန်ရာသီဥတု၏ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများသည် နိုင်ငံ၏ နေရာတော်တော်များများတွင်ဖြစ်ပွားခဲ့ပြီး သြဂုတ်လ (၂၂) ရက်နေ့ သတင်းအရ လူပေါင်း ၈၀၀၀၀ ခန့်သည် ကယ်ဆယ်ရေးစခန်းပေါင်း (၁၆၀) ကျော်သို့ ပြောင်းရွေ့နေထိုင်ခဲ့ရပါသည်။ အထူးသဖြင့် မွန်ပြည်နယ်၏ အရှေ့တောင်ဘက်၌ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ကမ်းရိုးတန်းဒေသဖြစ်သော ရေးမြို့နယ်တွင် ယာယီထောက်ပံ့ပို့ဆောင်ရေးများ ပြတ်တောက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

ဤအခြေအနေများ ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်၍ သြဂုတ်လ (၂၂)ရက်နေ့ (ကြာသာပတေးနေ့) မှ သြဂုတ်လ (၂၈)ရက်နေ့ (ဗုဒ္ဓဟူးနေ့) အထိ AEON Orange နှင့် AEON Microfinance ရုံးခန်းများ အပါအဝင် နေရာပေါင်း (၁၈)နေရာ၌ အရေးပေါ်အထောက်အပံ့ လှူဒါန်းမှုများအတွက် ကောက်ခံမှုများ ပြုလုပ်ခဲ့ပါသည်။

AEON Orange၊ AEON Microfinance၊ AEON Mall နှင့် AEON Thana Sinsap တို့မှ လှူဒါန်းသော ငွေကြေးထောက်ပံ့ငွေများ အပါအဝင် Customer များ၊ ဝန်ထမ်းများမှ လှူဒါန်းငွေ စုစုပေါင်း ဒေါ်လာ(15,000) ကို ကောက်ခံရရှိခဲ့ပါသည်။ AEON 1% Club မှလည်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများအတွက် ဒေါ်လာ (20,000) ကို ထပ်မံထည့်သွင်း လှူဒါန်းခဲ့ပါသည်။

ကျွနု်ပ်တို့၏ လှူဒါန်းမှုသည် ရေဘေးအန္တရာယ်ကျရောက်နေသော ဒေသမှ လူအများအပြား မကြာမီ အချိန်အတွင်း ပြန်လည်ကောင်းမွန်လာစေရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်လိမ့်မည်ပာု မျှော်လင့်ပါသည်။

ကျောင်းတည်ဆောက်ရေးထောက်ပံ့မှု စီမံကိန်း

AEON 1% Club foundation သည် ပထမ ၃ နှစ် စီမံကိန်းတွင် ကျောင်း ၃၅ ကျောင်းကို မြန်မာနိုင်ငံတွင် ဆောက်လုပ်ပေးခဲ့သည်။ ဒုတိယ ၃ နှစ် စီမံကိန်း အနေဖြင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် "ADRA Japan" နှင့် ၂၀၁၉ ခုနှစ်အထိ ပူးပေါင်း ပြီး ကျောင်း ၂၀ တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။

မတ်လ ၂၉ရက် ၂၀၁၉ တွင် ငါးအိမ်စုကျေးရွာ၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသော ဆင်စခန်း(၁) အခြေခံပညာ မူလတန်းကျောင်း စာသင်ကျောင်းဆောင်ကို တည်ဆောက်ဖွင့်လှစ်ခဲ့ပြီးပါသည်။

(၅)ကြိမ်မြောက် ဂျပန် မြန်မာပွဲတော်

ဂျပန်မြန်မာ ပွဲတော်ကို ဖေဖော်ဝါရီလ ၃ ရက် ၂၀၁၉ ခုနှစ်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါ ပွဲတော်ကို မြန်မာနိုင်ငံ ရှိ ဂျပန်သံရုံး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဂျပန် ကုန်သည်ကြီးများ အသင်းနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ မှ (၅) ကြိမ်မြောက် ပြုလုပ်ခဲ့ ကြပါသည်။

ရန်ကုန် ဂျပန်အသင်း Nippon, Hoso Kyokai (NHK), DVC နှင့် ဂျပန်ထိပ်တန်း အနုပညာရှင်များ ဂီတဖျော်ဖြေပွဲ များအပြင် ဂျပန် ကုမ္ပဏီများ၊ စားသောက်ကုန် အမျိုးမျိုးတို့ ပါဝင်ပြသ ခဲ့ကြပါသည်။

AEON Group မှ AEON 1% club foundation, AEON Orange နှင့် AEON Microfinance (Myanmar) မှ CSR လုပ်ဆောင်မှု များ နှင့် နှစ်စဉ် ဆောင်ရွက်မှုများ ပါဝင်ပြသ ခဲ့ပါသည်။ AEON ကုန်အမှတ် တံဆိပ်ဖြစ်သော “TOPVALU” ၏ ထုတ်ကုန်နှင့် အစားအ သောက် များကို AEON Orange မှ စာဖိုမှူးများ ကိုယ်တိုင်ချက်ပြုတ်ပြီး မိတ်ဆက်ပေးခဲ့ကြပါသည်။

AEON Group မှ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်းမှုနှင့် ပတ်သက်၍ ပိုမို နားလည်စေရန် ရည်ရွယ်ပြီး သဘာ၀ ပတ်ဝန်း ကျင် ဆိုင်ရာ ပဟေဠိကဏ္ဍ တစ်ခုလဲ ပါဝင်ခဲ့ပါသည်။ ထိုကဏ္ဍကို တက်ရောက်လာသူ ဧည့်သည်တော် (၂၅၀)တို့မှလည်း ပူးပေါင်း ပါဝင် ခဲ့ပါသည်။

(၆) ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ

(၆) ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲကို ဇန်နဝါရီလ ၁၂ ရက် ၂၀၁၉ ခုနှစ်တွင် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံကြား ဘာသာစကားတိုးတက်မှုအတွက်ကျင်းပခဲ့ပါသည်။ ထိုပြိုင်ပွဲကို Kyoshin Co., Ltd. & Kyoshin JETC Co., Ltd. မှ ကြီးမှူးကျင်းပပြီး AEON Microfinance (Myanmar) Co., Ltd မှလည်း Co-sponsor များထဲမှ တစ်ခုအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနှစ် ပြိုင်ပွဲဝင်အားလုံးအား ဂုဏ်ယူဝမ်းမြောက်ပြီး ဤပွဲဖြစ်မြောက်အောင် အချိန်ပေး၍ ဝိုင်းဝန်းကူညီပေးကြသော မိသားစုဝင်များနှင့် ပရိတ်သတ်များအားလည်း ကျေးဇူးတင်ရှိပါသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ၂၀၁၈ (အင်္ဂါနေ့) တွင် AEON 1% Club Foundation မှ ရန်ကုန် စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် များတွင် ပညာသင်ကြားနေသည့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်၍ ပညာသင်စရိတ်ထောက်ပံ့ခြင်းများကို ပြုလုပ်ပေးခဲ့ပါသည်။ AEON ပညာသင်စရိတ် ဆိုသည်မှာ အာရှနိုင်ငံများရှိ တက္ကသိုလ်ကျောင်းသား ကျောင်သူ များ နှင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေသော အာရှကျောင်းသားကျောင်းသူများ အတွက် ဆုကြေးငွေပေးအပ် ထောက်ပံ့မှု အစီအစဉ်ဖြစ်သည်။ မြန်မာကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆုချီးမြှင့်သည့် အစီအစဉ်သည် ယခုနှစ်ဆိုလျှင် ၆ ကြိမ်မြောက် ဖြစ်ပါသည်။

AEON donated for Myanmar Flood Disaster

၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် AEON Orange Company Limited, AEON Microfinance (Myanmar) Co., ltd, AEON Thana Sinsap (Thailand) PLC., နှင့် AEON 1% Club တို့မှ စုစုပေါင်းလှူဒါန်းငွေ USD 34,000 အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသို့ ဘေးအန္တရာယ်ကျရောက်နေသော ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းခဲ့ပါသည်။

ဂျူလိုင်လတွင် ဖြစ်ပေါ်သောမုတ်သုံရာသီကြောင့် ရေကြီးရေလျှံသောဒေသများတွင် ယာယီရွက်ဖျင်တဲသို့ ပြောင်းရွှေ့နေထိုင်ရသော လူဦးရေ တစ်သိန်းခွဲရှိခဲ့ပါသည်။ အဓိကအားဖြင့် တောင်ဘက်ဒေသများတွင် ရေကြီးမှုကြောင့် ပျက်ဆီးနေသော ဘုရားပုထိုးများနှင့် ယာယီရွက်ဖျင်တဲဖြင့်နေထိုင်သော လူပေါင်းများစွာ ရှိခဲ့ပါသည်။

Aeon Orange Company Limited နှင့် Company ဝန်ထမ်းများမှ လှူဒါန်ငွေ ဒေါ်လာ 2000၊ Aeon Microfinance(Myanamr) Co.,LtD နှင့် Company ဝန်ထမ်းများမှ လှူဒါန်းငွေ ဒေါ်လာ 2000၊ Aeon Thana Sinsap (Thailand) PLC မှ လှူဒါန်းငွေ ဒေါ်လာ 10,000 နှင့် Aeon 1% club မှ လှူဒါန်းငွေ ဒေါ်လာ 20,000 စုစုပေါင်း ဒေါ်လာ (34,000) လှူဒါန်းခဲ့သည်။

ကျွနု်ပ်တို့ AEON မှလှူဒါန်းမှုသည် ရေဘေးအန္တရာယ်ကျရောက်သော ဒေသမှ လူအများအပြား မကြာမီ အချိန်အတွင်း ပြန်လည်ကောင်းမွန်လာစေရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်လိမ့်မည်ပာု မျှော်လင့် ပါသည်။

ဇူလိုင် ၂၀၁၈ သစ်ပင်စိုက်ပျိုးခြင်း

ဒုတိယ သုံးနှစ် သစ်ပင် စိုက်ပျိုးရေး စီမံကိန်း၏ တတိယအကြိမ်မြောက် သစ်ပင်စိုက်ပျိုးပွဲကို AEON သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဖောင်ဒေးရှင်း နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ သဘောတူထားသည့် သစ်ပင်စိုက်ပျိုးရေး စီမံကိန်းကို ရန်ကုန်မြို့ အပြင်ဘက်ရှိလှော်ကား ရေလှောင်ကန် အနီးတွင် ဇူလိုင်လ ၇ ရက် ၂၀၁၈ တွင် စိုက်ပျိုးခဲ့ပါသည်။

ယခုနှစ်တွင် သစ်ပင် ၁၃,ဝဝဝ ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ဧည့်သည်၁၃,ဝဝ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ AEON အသေးစား ငွေရေးကြေးရေး (မြန်မာ) ကုမ္ပဏီ မှ ဝန်ထမ်းများနှင့် အတူတကွ ပါဝင်စိုက်ပျိုးခဲ့ပါသည်။

ကျောင်းတည်ဆောက်ရေးထောက်ပံ့မှု စီမံကိန်း

AEON 1% Club Foundation သည် ပထမ ၃နှစ် စီမံကိန်းတွင် ကျောင်း ၃၅ကျောင်းကို မြန်မာနိုင်ငံတွင် ဆောက်လုပ်ပေးခဲ့သည်။ ဒုတိယ ၃နှစ် စီမံကိန်း အနေဖြင့်အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် "ADRA Japan" နှင့် ၂၀၁၉ ခုနှစ် အထိ ပူးပေါင်းပြီး ကျောင်း ၂၀ တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။

မတ်လ ၂၉ ရက် ၂၀၁၈ တွင် ရန်ကုန်အနောက်တောင်ပိုင်း တွံတေးခရိုင်၌ တည်ရှိသော အိုးဖို (အနောက်) မူလတန်းကျောင်းတွင် ကျောင်းသား ၂၆၀ ဦး သင်ကြားနိုင်သော စာသင်ကျောင်းဆောင်ကို တည်ဆောက်ခဲ့ပါသည်။

ဂျပန်စကားပြောပြိုင်ပွဲ 2018

ဂျပန်စကားပြောပြိုင်ပွဲကို ဇန်နဝါရီလ ၂၉ ရက် ၂၀၁၈ ခုနှစ်တွင် ဆွံ့အနားမကြားကျောင်း မန္တလေး၌ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံကြား ဘာသာစကား တိုးတက်မှုအတွက် ကျင်းပခဲ့ပါသည်။ ထိုပြိုင်ပွဲကို Kyoshin Co., Ltd. & Kyoshin JETC Co., Ltd မှ ကြီးမှူးကျင်းပပြီး AEON Microfinance (Myanmar) Co., Ltd မှလည်း Co-sponsor များထဲမှ တစ်ခုအနေဖြင့် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ယခုနှစ် ပြိုင်ပွဲဝင်အားလုံးအား ဂုဏ်ယူဝမ်းမြောက်ပြီး ဤပွဲဖြစ်မြောက်အောင် အချိန်ပေး၍ ဝိုင်းဝန်းကူညီပေးကြသော မိသားစုဝင်များနှင့် ပရိတ်သတ်များအားလည်း ကျေးဇူးတင်ရှိပါသည်။

AEON 1% Club Foundation ၏ ပညာသင်ဆု ချီးမြှင့်မှု အစီအစဉ်

ဒီဇင်ဘာလ ၁၁ ရက်နေ့ ၂၀၁၇ (တနင်္လာနေ့) တွင် AEON 1% Club Foundation မှ ရန်ကုန် စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် များတွင် ပညာသင်ကြားနေသည့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်၍ ပညာသင်စရိတ်ထောက်ပံ့ခြင်း များကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။ AEON ပညာသင်စရိတ် ဆိုသည်မှာ အာရှနိုင်ငံများရှိ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ နှင့် ဂျပန်နိုင်ငံတွင် ပညာသင် ကြားနေသော အာရှကျောင်းသားကျောင်းသူများ အတွက် ဆုကြေးငွေပေးအပ် ထောက်ပံ့မှုအစီအစဉ်ဖြစ်သည်။

ဤပညာသင်စရိတ် ထောက်ပံ့မှုအစီအစဉ်သည် ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ပြီး ပါဝင်သူများအားလုံး အနေဖြင့် မိမိတို့ ၏ သက်ဆိုင်ရာနိုင်ငံ တိုးတက်ပြောင်းလဲမှုကို ၎င်းတို့ကျွှမ်းကျင်ရာအခန်းဏ္ဍအသီးသီးမှ အထောက်အကူဖြစ်စေမှာဖြစ်သလို ဂျပန် နိုင်ငံ နှင့်လည်း ချစ်ကြည်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံ တွင် ပညာသင်ကြား လျှက်ရှိသော ပညာသင်ထောက်ပံ့ကြေးရရှိနှေကြသည့် ကျောင်းသူ၊ကျောင်းသားများ နိုင်ငံတကာအရည်အသွေးတိုးတက်စေရန်ရည်ရွှယ်ကာ နှစ်အလိုက် ငွေကြေးထောက်ပံ့မှု အစီအစဉ်နှင့် လေ့ကျင့်ပျိုးထောင်မှုအစီစဉ်အား ဆောင်ရွက်လျှက်ရှိပါသည်။

ပညာသင်ဆု ပေးအပ်ခြင်း အခမ်းအနား များအား သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင်ကျင်းပရာတွင် ဆုရရှိသူများက သူတို့ဖြစ်ချင်သည့် ရည်မှန်းချက်များ အား မိန့်ခွန်းပြောကြား ကြပါသည်။

ဇူလိုင် ၂၀၁၇ သစ်ပင်စိုက်ပျိုးခြင်း

ဒုတိယ သုံးနှစ် သစ်ပင် စိုက်ပျိုးရေး စီမံကိန်း၏ ဒုတိယ အကြိမ်မြောက် သစ်ပင်စိုက်ပျိုးပွဲကို AEON သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဖောင်ဒေးရှင်း နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ သဘောတူထားသည့် သစ်ပင်စိုက်ပျိုးရေး စီမံကိန်းကို လှော်ကား ရေလှောင်ကန် အနီးတွင် ဇူလိုင်လ ၈ ရက် ၂၀၁၇ တွင် စိုက်ပျိုးခဲ့ပါသည်။

ယခုနှစ်တွင် သစ်ပင် ၁၃,ဝဝဝ ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ဧည့်သည် ၁,၂၀ဝ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ AEON အသေးစား ငွေရေးကြေးရေး (မြန်မာ) ကုမ္ပဏီ မှ ဝန်ထမ်းများနှင့် အတူတကွ ပါဝင်စိုက်ပျိုးခဲ့ပါသည်။

ကျောင်းတည်ဆောက်ရေးထောက်ပံ့မှု စီမံကိန်း

AEON 1% Club foundation သည် စာဖြူစုကျေးရွာကျောင်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၉ ရက် ၂၀၁၇ တွင် ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ မှ ၂၀၁၄ ခုနှစ်ထိ ကျောင်း ၃၅ ကျောင်းအား ဆောက်လုပ်ထားခဲ့ပြီး ၂၀၁၇ မှ ၂၀၁၉ ခုနှစ်ထိ ကျောင်းပေါင်း ၂၀ အား ထပ်မံဆောက်လုပ်မည်ဖြစ်ပါသည်။

၂၀၁၆၏ ဆယ်ကျော်သက်လူငယ်များသံတမန်အစီအစဉ်

ဆယ်ကျော်သက်လူငယ်များ ပညာသင်ဆုအစီအစဉ်သည် မတူညီသော ယဉ်ကျေးမှုမှတစ်ဆင့် တစ်ဦးနှင့် တစ်ဦး အပြန်အလှန်နားလည်မှုနှင့် ခင်မင်မှုစိတ်ဓါတ်များကို ပျိုးထောင်နိုင်စေရန် ကူညီစေပါသည်။ ဂျပန်နိုင်ငံ နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား အပြန်အလှန် ယဉ်ကျေးမှု ဖလှယ်သည့် အစီအစဉ်သည် ယခုနှစ်ဆိုလျှင် ဒုတိယအကြိမ်မြောက်ဖြစ်ပါသည်။ယခုအကြိမ်တွင် Hokkaido Noboribetsu Akebi အလယ်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဒဂုံမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများမှာ ယဉ်ကျေးမှုဖလှယ်ရန် အခွင့်အရေးရရှိကြမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံ နှင့် မြန်မာနိုင်ငံ မှ ဆယ်ကျော်သက်ကျောင်းသား သံတမန်များ (နိုဝင်ဘာလ (၁) ရက် မှ (၆) ရက်ထိ)

ဂျပန်နိုင်ငံမှ ကျောင်းသားကျောင်းသူ (၁၆) ယောက်သည် နိုဝင်ဘာလတွင် မြန်မာမိသားစုများနှင့် အတူနေထိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ (၁၆) ယောက်မှာ ဖေဖော်ဝါရီလတွင် ဂျပန်မိသားစုများနှင့် နေထိုင်မည်ဖြစ်သည်။

ဇူလိုင် ၂၀၁၆ သစ်ပင်စိုက်ပျိုးခြင်း

  • ပထမ သုံးနှစ် သစ်ပင်စိုက်ပျိုးရေးစီမံကိန်းသည် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ နောက်ထပ် သုံးနှစ် အတွက် AEON သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဖောင်ဒေးရှင်း နှင့် ရန်ကုန်တိုင်းဒေသ ဝန်ကြီးတို့ သဘောတူထားသည့် သစ်ပင်စိုက်ပျိုးရေး စီမံကိန်းကို လှော်ကားအမျိုးသားဥယျာဉ်အနီးရှိ သစ်တောတွင် ဇူလိုင်လ ၁၆ ရက် ၂၀၁၆ တွင် စိုက်ပျိုးခဲ့ပါသည်။
  • ယခုနှစ်တွင် သစ်ပင် ၁၀,ဝဝဝ ကို ဂျပန်မှ ဧည့်သည် ၅၀ဝ ၊ မြန်မာမှ ဧည့်သည် ၁,၁၀ဝ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ထူးချွန်ထက်မြက်သော ပညာသင်ဆုရ ကျောင်းသား ကျောင်းသူများ၊ AEON အသေးစား ငွေရေးကြေးရေး (မြန်မာ) ကုမ္ပဏီ မှ လုပ်ငန်းပါတနာများနှင့် ဝန်ထမ်းများ အတူတကွ ပါဝင်စိုက်ပျိုးခဲ့ပါသည်။

ပညာသင်ဆု အစီအစဉ်

ပညာသင်ဆု အစီအစဉ် သည် AEON 1% Club Foundation မှ ပေးအပ်သော နောင်လာမည့် အနာဂတ်၏ မျိုးဆက်သစ်ခေါင်းဆောင်များ ဖြစ်လာ နိုင်သည့် ထူးချွန်ထက်မြက်သော အာဆီယံ ကျောင်းသားကျောင်းသူ များအား ပညာသင်ဆုချီးမြှင့်သည့် အစီအစဉ် ဖြစ်သည်။ဤအစီအစဉ်အား စတင်တည်ထောင်သည့် အချိန်မှစ၍ အာဆီယံ ကျောင်းသား ကျောင်းသူ ပေါင်း ၂၃၉ ဦးအား ဂျပန်နိုင်ငံတွင် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ၂၀၁၃ ခုနှစ်မှစတင်၍ ရန်ကုန် စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်များတွင် ပညာသင်ကြားနေသော ထူးချွန် ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများ အတွက် ပညာသင်စရိတ် ထောက်ပံခြင်း များကိုလည်း ပြုလုပ် ပေးခဲ့ ပါသည်။

ကျောင်းတည်ဆောက်ရေး ထောက်ပံ့မှု စီမံကိန်း

ဤအစီအစဉ်သည် ပညာရေး အထောက်အပံ့များ ရှားပါးသော အာရှ၏ ဒေသများတွင် ကျောင်း တည်ဆောက်ရေး အား ထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်သည်။ဂျပန်လူမျိုးများလည်း ကျောင်းဆောင်သစ် ဖွင့်လှစ်သည့် အခမ်းအနားများတွင် ပါဝင်ခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် ကျောင်းပေါင်း ၃၄ ကျောင်း တည်ဆောက်ပေးပြီး ဖြစ်သည်။

အာဆီယံလူငယ်သံအမတ်များ

ဤအစီအစဉ်သည် ဂျပန်နိုင်ငံ နှင့် အခြားနိုင်ငံများရှိ အထက်တန်းကျောင်းသား၊ ကျောင်းသူအချင်းချင်း ယဉ်ကျေးမှုနှင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်မှု အစီအစဉ်ဖြစ်သည်။ယခုအခါတွင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ အထက်တန်း ကျောင်းသား၊ ကျောင်းသူပေါင်း ၅၉၀ ဦးသည် အာဆီယံလူငယ် သံအမတ်များအနေဖြင့် ဂျပန်နိုင်ငံ သို့ သွားရောက် လေ့လာ ပြီးဖြစ်သည်။

အီရွန် နှင့် UNICEF တို့ သောက်သုံးရေသန့်ထောက်ပံ့မှု

ကျေးလက်နေ ပြည်သူများ အနေဖြင့် နေ့စဉ်သောက်သုံးရေရှိရေးအတွက် ဝေးလံသည့် နေရာများမှ သောက်သုံးရေ သယ်ယူရခြင်းကြောင့် မိသားစုတွင်းရှိ အရွယ်ရောက်ကလေးများ၏ ပညာရေး လစ်ဟင်းမှုများ ရှိနေသည်ကို တွေ့ရှိရ ပါသည်။ ထို့ကြောင့် အီရွန် နှင့် UNICEF တို့မှပူးပေါင်း၍ ကျန်းမာရေး နှင့် အညီ ရေသန့်သုံးစွဲမှု အသိပညာပေး လှုံ့ဆော်မှု အနေဖြင့် ကမ္ဘောဒီးယား၊လာအို နှင့် မြန်မာနိုင်ငံ တို့ရှိ ၁၃၀,၀၀၀ သော ပြည်သူလူထုအား လက်တွေ့သုံးစွဲမှု အသိပေးပွဲများ ပြုလုပ်ကျင်းပခဲ့ပါသည်။

၂၀၁၃ ဆီးဂိမ်း ထောက်ပံ့မှု

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ တာဝန်ယူပြုလုပ်ကျင်းပခဲ့သော အာဆီယံဆီးဂိမ်းပြိုင်ပွဲ တွင် ဂျပန်နိုင်ငံ အစိုးရနှင့်အတူ မြန်မာအသင်းသားများ အတွက် ဝတ်စုံ(ယူနီဖောင်း) နှင့် အိတ်များအား လှူဒါန်း ပေးအပ်ခဲ့ပါသည်။

အာရှတစ်ခွင် သစ်ပင်စိုက်ပျိုးခြင်း

ဤစီမံကိန်းအား စတင်အကောင်အထည်ဖော်သည့် ၁၉၉၀ ခုနှစ်မှစ၍ အီရွန်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဖောင်ဒေးရှင်း သည် နိုင်ငံတစ်နိုင်ငံတိုင်းရှိ စေတနာ့ဝန်ထမ်းများ နှင့် ပူးပေါင်း၍ အာဆီယံနိုင်ငံ များတွင် သစ်ပင်များ စိုက်ပျိုးခဲ့ပြီးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖြူးကြီး ရေလှောင်ကန်တွင်လည်း သစ်ပင်စိုက်ပျိုးရေး စီမံကိန်းအား ၂၀၁၃ ခုနှစ် ဂျူလိုင်လ တွင် စတင်၍ စိုက်ပျိုးခဲ့ပါသည်။

AEON 1% Club ၏ ကျောင်းဆောင်သစ်ဖွင့်လှစ်လှူဒါန်းခြင်းအခမ်းအနား, 2015 27 Mar

၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် AEON 1% Club နှင် UNICEF တို့မှ ပူးပေါင်း၍ ရန်ကုန်မြို့၊အမှတ် (၄၂) အခြေခံမူလတန်းကျောင်း၊ လှိုင်သာယာမြို့ နယ် ၊တိုးချဲ့ကျောင်းဆောင်သစ် ကို ဆောက်လုပ်လှူဒါန်း ပြီးမြောက် ခဲ့ပြီးဖြစ်ပါသည်။

ထို့အတူ၂၀၁၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်လည်း AEON 1% Club Foundation မှလှူဒါန်းသော”ခရေကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား” အား အောင်မြင်စွာပြီးမြောက်ဖွင့်လှစ်ခဲ့ပါ သည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် စုစုပေါင်းကျောင်းဆောင်သစ်(၃၅) ကျောင်းအား AEON 1% Club မှဦးစီး၍ ဆောက်လုပ်ခဲ့ပြီး ဖြစ်ပါသည်။

AEON 1% Club ၏ ပညာသင်ဆု ချီးမြှင့်မှု အစီအစဉ်

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် AEON 1% Club မှ ရန်ကုန် စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် များတွင် ပညာသင်ကြားနေသည့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်၍ ပညာသင်စရိတ်ထောက်ပံ့ခြင်း များကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။ ဤပညာသင်စရိတ် ထောက်ပံ့မှုအစီအစဉ် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုကို အထောက်အကူဖြစ်စေမှာဖြစ်သလို ဂျပန်၊ မြန်မာ ချစ်ကြည်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ပါသည်။